၂ဝ၁၆ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ဆန်ခါတင်အဆင့် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ၀တ္ထုရှည် အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၁၇ ခုနှစ် ဇူလိုင်လ ၂၁ ရက် မွန်းတည့် ၁၂:၀၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
၀တ္ထုရှည် အဖွဲ့ငယ် ဆန်ခါတင်အဆင့် အစည်းအဝေးသို့ ဦးဝင်းငြိမ်း (ဝင်းငြိမ်း)၊ ဒေါ်ချိုချိုတင် (မစန္ဒာ)၊ ဦးမောင်မောင်ဦး (သန်လျင်မောင်မောင်ဦး)၊ ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ တို့ တက်ရောက်ခဲ့ကြပြီး ဦးသိမ်းစိုး (သီဟရတနာ) က ခွင့်ပန်ခဲ့သည်။
အစည်းအဝေးတွင် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ၀တ္ထုရှည် စာမူများအား ဆန်ခါတင်အဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။