''ကျော်လွင် (စက်မှု)'' ရေးသားသည့် ''သံဝေဂနှင့် သံယောဇဉ် အပါအဝင် အခြားဝတ္ထုတိုများ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ် အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''ကျော်လွင် (စက်မှု)'' ၏ ''သံဝေဂနှင့် သံယောဇဉ် အပါအဝင် အခြားဝတ္ထုတိုများ'' ဝတ္ထုတိုင်းတွင် အများအားဖြင့် ပြည်သူ့ဝန်ထမ်းတိုင်း၏ ဘဝကို ဗဟိုပြု၍ ရေးဖွဲ့ထားသည်။ ဇာတ်လမ်း၊ ဇာတ်အိမ်၊ ဇာတ်ကွက် စသည်တို့ထက် ဇာတ်ကောင်တို့၏ စရိုက်နှင့် သဘာဝကို အမြင်စူးစူးနှင့် ရှုမြင်ထားပြီး သူ၏လူမှုဝန်းကျင်မှ မြင်သိ၊ ကြားသိ၊ ကိုယ်တိုင်သိခဲ့ရသည်များကို ခံစားပြီး ရေးဖွဲ့ထားသည့်အတွက် ဇာတ်ကောင်များသည် သက်ဝင်လှုပ်ရှားနေသည်ကို ဖတ်ရှုခံစားကြရမည် ဖြစ်သည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၄၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။