''ဇော်လွင်ဦး (ဟင်္သာတ)'' ရေးသားသည့် ''ကန္ဒရ၀တီ ငွေတောင်ပြည်သို့'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် စာပဒေသာ ဒုတိယဆုရ စာမူ ဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ် အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''ဇော်လွင်ဦး (ဟင်္သာတ)'' ၏ ''ကန္ဒရ၀တီ ငွေတောင်ပြည်သို့'' စာအုပ်သည် ကယားပြည်နယ်ရှိ ဘုရားစေတီများ၏ သမိုင်းကြောင်းမှအစ ရိုးရာပွဲတော်များ၊ ရိုးရာအစားအစာနှင့် ခေါင်ရည်ပြုလုပ်ပုံများအလယ်၊ သုဓနုဒွေးမယ်နော်ဇာတ်လမ်းအဆုံး စိတ်ဝင်းစားဖွယ် လေ့လာရေးဖွဲ့ ထားသော စာမူဖြစ်သည်။ စာပဒေသာစာမူဆုရ စာအုပ်ဟုဆိုသော်လည်း သမိုင်းနောက်ခံ ရသမြောက်၀တ္ထုတစ်ပုဒ် ဖတ်နေရ သကဲ့သို့ စာဖတ်သူများ ကို ဆွဲဆောင်မှုနေမည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပေသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၅၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။