''ကျော်သောင်း (ဘုတလင်)'' ရေးသားသည့် ''ချင်းတွင်းဒေသ ဖောင်သမားဘ၀နှင့် အတွေ့အကြုံစာမျိုးစုံများ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် စာပဒေသာ ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''ကျော်သောင်း (ဘုတလင်)'' ၏ ''ချင်းတွင်းဒေသ ဖောင်သမားဘ၀နှင့် အတွေ့အကြုံစာမျိုးစုံများ'' စာအုပ်သည် ယခုအသက် ၈၀ ရှိပြီဖြစ်သော ပုဂ္ဂိုလ်တစ်ဦး၏ လွန်ခဲ့သော နှစ် ၆၀ က ချင်းတွင်းမြစ် ဖောင်သမားဘ၀ အတွေ့အကြုံများကို ရေးဖွဲ့ထားပါသည်။ ၁၇ နှစ်သားဘ၀မှစ၍ သစ်ဖောင်သမားလေး၊ နွားကျောင်းသား၊ လယ်ကူလီ၊ ဆိုက်ကားသမား၊ ကွမ်းယာရောင်းသူစသည့် ဘ၀အထွေထွေကို ဖြတ်သန်းရင်း အရေးအဖတ်ဝါသနာကြောင့် စာစတင်ရေးဖြစ်လာပုံ၊ ထိုမှတစ်ဆင့် ကိုယ်ပိုင်စာကြည့်တိုက်ထူထောင်ကာ အသိပညာပြန့်ပွားရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ပုံတို့ကို စိတ်ဝင်စားဖွယ် ရေးသားထားပါသည်။ ကိုယ်တွေ့ အတွေ့အကြုံပေါင်းစုံမှ ထုတ်နုတ်ထားသော လောကအမြင်များကို ရေးသားထားရာ ဖတ်ရှုသူများအတွက် လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်လာနိုင်အောင် ဇွဲသတ္တိတို့ကို ပေးစွမ်းနိုင်ရုံသာမက လူ့အကြာင်း၊ လောကအကြောင်းကို ပြင်ဆင်နိုင်စေမည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပေသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၂၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။