''ချစ်နွေမိုး'' ရေးသားသည့် ''ပဲ့တင်သံကောက်ကြောင်း'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါ သည်။
အဆိုပါစာအုပ်သည် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ၀တ္ထုရှည် ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''ချစ်နွေမိုး'' ၏ ''ပဲ့တင်သံကောက်ကြောင်း'' စာအုပ်သည် မိမိပြုခဲ့သော ကောင်းမှု၊ မကောင်းမှု စေတနာသည် မိမိဆီသို့ ပဲ့တင်သံပြန်လည်ရိုက်ခတ်တတ်သည်ကို ဦးတည်ချက်ထားပြီး ရေးဖွဲ့ထားသည်။ ကောင်းမှု၊ မကောင်းမှုပြုသူသည် နွား၏ခြေရာနောက်သို့လိုက်သော လှည်းဘီးကဲ့သို့ မိမိပြုသမျှသည် မိမိထံသို့သာ ပြန်လည်ရောက်ရှိတတ်ကြောင်း ပီပြင်စွာရေးဖွဲ့ထားသည်။
ဒီဗွီဒီ၊ ဗွီစီဒီ အခွေများရောင်းသော ကိုပံသုနှင့် ပန်းသီး၊ လိမ္မော်သီး၊ မြေပဲပြုတ်၊ ပြောင်းဖူးပြုတ်စသည်များ ရောင်းသော လမင်းတို့ညီအစ်မ၏ ဖြူစင်သော မေတ္တာကို ဇာတ်လမ်းဖွဲ့ပြီး ၁၂ ပွဲစျေးသည်များ၏ လှုပ်ရှားရုန်းကန်ပုံသရုပ်ကို ဃနသေချာစွာ ရေးပြထားသည်။
ဘုရားပွဲစျေးသည်တို့၏ ဘ၀၊ စရိုက်၊ ဓလေ့တို့ကို ရောင်စုံခြယ်သ တင်ပြထားသည့် ရသမြောက်စာအုပ် ကောင်းတစ်အုပ်ဖြစ်ပေသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၂၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။