• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး
''ပန်းပဲစွမ်းအား မြန်မာ့မင်းလမ်းဓား''

စာအုပ်အမည် - ''ပန်းပဲစွမ်းအား မြန်မာ့မင်းလမ်းဓား''

စာရေးဆရာအမည် - ဇော်လွင်ဦး (ဟင်္သာတ)

တန်ဖိုး - ၇၀၀

စာညွှန်း -

''ဇော်လွင်ဦး (ဟင်္သာတ)'' ရေးသားသည့် ''ပန်းပဲစွမ်းအား မြန်မာ့မင်းလမ်းဓား'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ၂ဝ၁၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

''ပန်းပဲစွမ်းအား မြန်မာ့မင်းလမ်းဓား'' စာမူသည် မြန်မာ့ယဉ်ကျေးမှုသမိုင်းတွင် ဓားကို လွန်ခဲ့သော နှစ်ပေါင်းလေးသိန်းကျော်ခန့်မှ စတင်ပြုလုပ် ခဲ့ကြောင်း လေ့လာသိရှိရသည်။ ကျောက်တုံးကို ရိုက်ခွဲပြီး ကျောက်ဓား (Chapper) ဖြစ်လာစေရန် ဖန်တီးပြုလုပ်မှုမှ စတင်ခဲ့သည်။ အညာသား ကျောက်လက်နက်များဟု မနုဿဗေဒ ပညာရှင်များက ခေါ်ဝေါ်ခဲ့ပြီး ထိုယဉ်ကျေးမှုကိုလည်း အညာသားယဉ်ကျေးမှုဟု ကင်ပွန်းတပ်ခဲ့ကြ၏။

သံခေတ်ဖြစ်သော မြန်မာ့အစောဆုံး မြို့ပြယဉ်ကျေးမှု ထွန်းကားခဲ့သည့် ပျူခေတ်တွင် သံချက်ဖိုကြီးများဖြင့် သံကို အရည်ကျိုကာ ပန်းပဲထု၍ သံဓားများ အပါအဝင် လက်နက် ကိရိယာများ လုပ်ငန်းသုံး ကိရိယာများကို ပြုလုပ်ခဲ့ကြသည်။

မြန်မာ့ယဉ်ကျေးမှုသမိုင်းတွင် ခေတ်အဆက်ဆက်၌ ဓားများကို လုပ်ငန်းသုံးပစ္စည်း၊ စစ်မက်တိုက်ခိုက်ရန် လက်နက်ပစ္စည်းစသည်ဖြင့် တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြသည်။ ရှင်ဘုရင်ကိုင်သည့် လက်သုံးတော်သန်လျက်ဓားမှအစ ငှက်ကြီးတောင်ဓား၊ စလူဖူးဓား၊ ဓားလွတ်၊ ဓားရှည်၊ ဓားမြှောင်၊ ဓားလင်းကင်း၊ ဓားမ စသည်ဖြင့် ဓားအမျိုးမျိုးပေါ်ထွန်းခဲ့သည်။ အင်း၀ခေတ်တွင် မင်းကြီးရန်နောင်ကိုင်ဆောင်ပြီး မင်းဆိုးမင်းယုတ် သိုဟန်ဘွားကို လုပ်ကြံခဲ့သည့် ယိမ်းနွဲ့ပါးဓားဆိုသည်မှာ အလွန်ပင်အစွမ်းထက်လှကြောင်း လေ့လာသိရှိခဲ့ရသည်။

မြန်မာနိုင်ငံပျော်ဘွယ်မြို့နယ်အတွင်းရှိ မင်းလမ်းရွာသည် မြန်မာရိုးရာပန်းဆယ်မျိုးအနက် ပန်းပဲပညာအလွန်ထွန်းကားသော ဘူမိနက်သန်နေရာဖြစ်၏။ စာရေးသူသည် ထိုဒေသသို့ ကိုယ်တိုင်လက်တွေ့ကွင်းဆင်းပြီး မင်းလမ်းရွာ ပန်းပဲဖိုများမှ ဓားပြုလုပ်ပုံအဆင့်ဆင့်ကို လေ့လာ သုတေသနပြုခဲ့သည်။ ထိုသို့ ကွင်းဆင်းသုတေသနပြုတွေ့ရှိချက်များကို ဓာတ်ပုံမှတ်တမ်းများ ပန်းချီရုပ်ပုံမှတ်တမ်းများ စုံစုံလင်လင်ဖြင့် ရေးသားတင်ပြထားကြောင်း တွေ့ရှိရသည်။ ထို့ပြင် ရှေးဟောင်းမြန်မာစာပေမှတ်တမ်းများတွင် ပါရှိသည့် ဓားရေး ၃၇  ချင်း၊ ရတု စသည့် ဓားရေးဆိုင်ရာ စာပေအဖွဲ့အနွဲ့များကိုပါ စုစည်းတင်ပြထားသည်ကိုလည်း တွေ့ရှိရပါသည်။ မျက်မှောက်ခေတ်တွင် နိုင်ငံတော်ကချီးမြှင့်ခဲ့သည့် စစ်ရေးပြဆုအဖြစ် ဓားကိုချီးမြှင့်ကြောင်း တင်ပြထားသည်။ ရေးသားတင်ပြပုံ တည်ငြိမ်သည်။ ကျမ်းအကိုးအကားများ ပြည့်စုံသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။  

အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၇၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့  ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။


ဆက်စပ် စာအုပ်များ
အိမ်မက်တစ်ရာ ကဗျာများ

အိမ်မက်တစ်ရာ ကဗျာများ

အလှသစ်ချိန် ပန်းပွင့်ချိန် ကလေးကဗျာများ

အလှသစ်ချိန် ပန်းပွင့်ချိန် ကလေးကဗျာများ

တစ်ပွင့်စီဆိုင်သည့် ပန်းတခိုင်

တစ်ပွင့်စီဆိုင်သည့် ပန်းတခိုင်

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်ထုတ် စာအုပ်များ
စာပေဗိမာန်ထုတ် စာအုပ်များ

စာပေဗိမာန်ထုတ် စာအုပ်များ

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • အခမ်းအနားများ
  • သုတပဒေသာစာစောင်
  • ပြည်သူ့လက်စွဲစာစဉ်
  • စာပေဗိမာန်
  • ပြိုင်ပွဲများ
  • စာအုပ်များ
  • စာပေရေချမ်းစင်
  • စာမူများ
  • ပုံနှိပ်ရေး
  • ရွှေသွေး
books
  • ၁၄-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၄)ထွက်ရှိ

    13-Jun-2025
  • ၇-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၃) e-book ထွက်ရှိ

    10-Jun-2025
  • ၇-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၃)ထွက်ရှိ

    09-Jun-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman