''မောင်ကြည်နွယ် (ပင်လယ်ဘူး)'' ရေးသားသည့် ''မူးမြစ်ရစ်ခွေ အလှမြေ ကဗျာများ'' စာအုပ်သစ် ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီဖြစ်ပါ သည်။
အဆိုပါစာအုပ်သည် ၂ဝ၁၅ ခုနှစ်အတွက် ပခုက္ကူစာပေဆုပြိုင်ပွဲတွင် ကဗျာပေါင်းချုပ် ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''မူးမြစ်ရစ်ခွေ အလှမြေ ကဗျာများ'' ဤကဗျာစာမူတွင် ကဗျာပုဒ်ရေ (၈၁) ပုဒ်ပါဝင်ပါသည်။ မြန်မာကဗျာစပ်နည်းစပ်ပုံ စုံလင်စွာ ရေးဖွဲ့ထားပြီး မြန်မာကဗျာ၏ စပ်ထုံးစပ်နည်းများကိုလည်း လေးစားလိုက်နာကာ ရေးဖွဲ့ထားသည်ကို တွေ့ရှိရပါသည်။ ကျေးလက်ရနံ့၊ အညာရနံ့၊ မူးမြစ်တရိုးမှ ငါးထောင်၊ ငါးရှာ၊ ဝမ်းစာဖြည့်တင်း၊ တေးသီချင်းသီဆို လှသွေးပိုကြသူတို့၏ မေတ္တာရနံ့၊ စေတနာရနံ့၊ မိဘဆရာတို့၏ ဂုဏ်ကျေးဇူးရနံ့၊ မြန်မာကဗျာ၏ ပန်းလိုစမ်းလို မွှေးပျံ့အေးချိုသည့်ရနံ့ စသည် ရနံ့မျိုးစုံသင်းထုံလျက်ရှိသော ကဗျာများက အများဆုံး ပါဝင်ပါသည်။ အတွေးအခေါ်စူးရှထက်မြက်ခြင်း၊ ရိုးဂုဏ်ရှိခြင်း၊ စကားလုံးအသုံးအနှုန်း သိပ်သည်းကျစ်လျစ်မှုရှိခြင်းနှင့် မြန်မာကဗျာပီပီသသ ဖွဲ့ဆိုထားသောကဗျာစာအုပ်ကောင်း တစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၀၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။