• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး
“အမျိုးသားစာပေတစ်သက်တာဆုရ စာပေပညာရှင်များ၏ စာပေနှင့်ဘဝအကြောင်း တစေ့တစောင်း (၂၀၀၁-၂၀၁၃)”

စာအုပ်အမည် - “အမျိုးသားစာပေတစ်သက်တာဆုရ စာပေပညာရှင်များ၏ စာပေနှင့်ဘဝအကြောင်း တစေ့တစောင်း (၂၀၀၁-၂၀၁၃)”

စာရေးဆရာအမည် - စာပေဗိမာန်

တန်ဖိုး - ၂၀၀၀

စာညွှန်း -
နိုင်ငံတော်အစိုးရသည် မြန်မာစာပေအကျိုးကို ဘဝတစ်သက်တာလုံး သယ်ပိုးလျက် ပြည်သူ့အကျိုးပြု စာပေများကို တစိုက်မတ်မတ် ရေးသားခဲ့သည့် စာပေပညာရှင် စာရေးဆရာ၊ စာရေးဆရာမကြီးများကို ဂုဏ်ပြုချီးမြှောက်သောအားဖြင့် ၂၀၀၁ ခုနှစ်မှစတင်လျက် “အမျိုးသား စာပေတစ်သက်တာဆု” ကို နှစ်စဉ်ချီးမြှင့်ခဲ့ပါသည်။ ယခုအခါ “အမျိုးသားစာပေတစ်သက်တာဆု” ချီးမြှင့်ခံရသည့် စာပေပညာရှင် စုစုပေါင်း (၃၄) ဦး ရှိပြီဖြစ်ပါသည်။

ယင်းစာပေပညာရှင်ကြီးများကို မှတ်တမ်းတင်ဂုဏ်ပြုသောအားဖြင့် သူတို့၏စာပေနှင့် ဘဝ ပုံရိပ် ဆောင်းပါးများကို စာပေဗိမာန်စာတည်းအဖွဲ့က ပြုစုရေးသားကြပြီး နေ့စဉ်ထုတ် မြန်မာ့ အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာများတွင် အပတ်စဉ် ဖော်ပြလျက်ရှိပါသည်။ ယင်းဆောင်းပါး များအတွင်းမှ ၂၀၀၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ အမျိုးသားစာပေတစ်သက်တာဆု ရရှိသူစာပေ ပညာရှင်၊ စာရေးဆရာ၊ စာရေးဆရာမကြီး (၁၇) ဦး၏အကြောင်း ရေးသားဖော်ပြထားသည့် ဆောင်းပါးများကို စုစည်းလျက် “အမျိုးသားစာပေတစ်သက်တာဆုရ စာပေပညာရှင်များ၏ စာပေနှင့် ဘဝအကြောင်း တစေ့တစောင်း (၂၀၀၁-၂၀၁၃)” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေလိုက်ပါသည်။

စာပေပညာရှင်ကြီး (၁၇) ဦးမှာ ဆရာကြီးပါရဂူ၊ ဆရာကြီးမောင်ထင်၊ ဆရာကြီးဌေးမောင်၊ ဆရာကြီးလေးမြိုင်၊ ဆရာမကြီး စောမုံညင်း၊  ဆရာမကြီး ဒေါ်ကြန်၊ ဆရာကြီး ဆင်ဖြူကျွန်း အောင်သိန်း၊ ဆရာကြီးစည်သူဒေါက်တာကျော်စိန်၊ ဆရာကြီး စည်သူဒေါက်တာခင်မောင်ညွန့်၊ ဆရာကြီး စည်သူဒေါက်တာသော်ကောင်း၊ ဆရာကြီးမင်းယုဝေ၊ ဆရာမကြီးဒေါ်ခင်ဆွေဦး၊ ဆရာကြီး ဦးအောင်သင်း၊ ဆရာကြီးသိပ္ပံမှူးတင်၊ ဆရာကြီးမောင်ခင်မင် (ဓနုဖြူ)၊ ဆရာကြီး စည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်) နှင့် ဆရာကြီး ဦးမြင့်ကြည် (တက္ကသိုလ်မြတ်စိုး)  တို့ဖြစ်ကြပြီး သူတို့၏ ဘဝအကြောင်းနှင့် သူတို့ရေးသားသည့် လက်ရာစာအုပ်အချို့အကြောင်းကို စိတ်ဝင်စားဖွယ် ရေးသားတင်ပြထားပါသည်။ မြန်မာစာပေချစ်မြတ်နိုးသူများ၊ စာပေသုတေသီများ၊ စာပေဝါသနာရှင် များ၊ အတ္ထုပ္ပတ္တိများ လေ့လာပြုစုနေသူများအတွက် အထောက်အကူပြုမည့်စာအုပ် ဖြစ်ပါသည်။

စာအုပ်တွင် စာမျက်နှာ (၂၂၆) မျက်နှာ ပါဝင်ပြီး တန်ဖိုး ၂၀၀၀ ကျပ်ဖြင့် ရန်ကုန်မြို့၊ အမှတ် ၅၂၉- ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) တို့တွင် ဝယ်ယူရရှိနိုင်ကြောင်း သတင်းရရှိသည်။

ဆက်စပ် စာအုပ်များ
အိမ်မက်တစ်ရာ ကဗျာများ

အိမ်မက်တစ်ရာ ကဗျာများ

အလှသစ်ချိန် ပန်းပွင့်ချိန် ကလေးကဗျာများ

အလှသစ်ချိန် ပန်းပွင့်ချိန် ကလေးကဗျာများ

တစ်ပွင့်စီဆိုင်သည့် ပန်းတခိုင်

တစ်ပွင့်စီဆိုင်သည့် ပန်းတခိုင်

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်ထုတ် စာအုပ်များ
စာပေဗိမာန်ထုတ် စာအုပ်များ

စာပေဗိမာန်ထုတ် စာအုပ်များ

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • အခမ်းအနားများ
  • သုတပဒေသာစာစောင်
  • ပြည်သူ့လက်စွဲစာစဉ်
  • စာပေဗိမာန်
  • ပြိုင်ပွဲများ
  • စာအုပ်များ
  • စာပေရေချမ်းစင်
  • စာမူများ
  • ပုံနှိပ်ရေး
  • ရွှေသွေး
books
  • ၁၄-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၄)ထွက်ရှိ

    13-Jun-2025
  • ၇-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၃) e-book ထွက်ရှိ

    10-Jun-2025
  • ၇-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၃)ထွက်ရှိ

    09-Jun-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman