ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၁၉ ခုနှစ် ဧပြီလ ၅ ရက်ထုတ် အတွဲ (၇၂)၊ အမှတ် (၁၄) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိရောင်းချလျက် ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်သူ့လွှတ်တော် အမိန့်ကြော်ငြာစာ၊ အမျိုးသားလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကြေညာချက်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှှင် အမိန့်ကြော်ငြာစာ၊ အမျိုးသားသဘာ၀ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံကွန်ပျူတာပညာ ဖွံ့ဖြိုးရေးကောင်စီ အမိန့်ကြော်ငြာစာ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးတွဲကော်မတီ အမိန့်ကြော်ငြာစာ၊ စားသုံးသူ အကာအကွယ်ပေးရေးဗဟိုကော်မတီ ညွှန်ကြားချက်၊ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန (ပြည်ထောင်စု ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမိန့်ကြော်ငြာစာ၊ နေပြည်တော်ကောင်စီ ရုံးအမိန့်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အမိန့်ကြော်ငြာစာ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊ သစ်တောဦးစီးဌာန အမိန့်ကြော်ငြာစာ၊ ပြည်တွင်းအခွန်များဦးစီးဌာန အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုချက်၊
အပိုင်း (၄) တွင် In the matter of the Myanmar Companies Law and ITALIAN-THAI DEVELOPMENT (MYANMAR) CO.,LTD၊ အဲယားတက် မန်နုဖက်ချားရင်း ကုမ္ပဏီလီမိတက် (AIR TECH MANUFACTURING COMPANY LIMITED) နှင့် အထွေထွေလျှပ်စစ်အုပ်စု ကုမ္ပဏီလီမိတက် (GENERAL ELECTRIC GROUP COMPANY LIMITED) တို့၏ အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ MYANMAR STARMAR CONSULTANTS COMPANY LIMITED Announcement of Voluntary Winding-up၊ IN THE MATTER OF THE MYANMAR COMPANIES LAW MYANMAR BEHN MEYER CO.,LTD (In Member's Voluntary Liquidation)၊ NEW BAMAW TIMBER PRODUCTS COMPANY LIMITED Announcement of Voluntary Winding-Up၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာထုတ်လုပ်ရေး ကုမ္ပဏီလီမိတက် (SINGMANDALAR COMPANY LIMITED) အစုရှယ်ယာရှင်များ၏ ဆန္ဒအရ ဖျက်သိမ်းဆဲ နောက်ဆုံးအစည်းအဝေးဖိတ်ကြားခြင်း၊ မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၈(င) အရ ကြော်ငြာစာ ကေအက်စ် ပေး မြန်မာ ကုမ္ပဏီလီမိတက် (KS PAY MYANMAR COMPANY LIMITED) အား အပြီးသတ်ဖျက်သိမ်းနိုင်ရန် အတွက် နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ အိတ်ဇားရှင်းပရိုတက်တစ်ဆားဗစ်စစ် (စ်) ကုမ္ပဏီလီမိတက် (EXERTION PROTECTIVE SERVICES COMPANY LIMITED) နှင့် Tike Enterprises Company Limited တို့၏ (ဆန္ဒအလျောက် ဖျက်သိမ်းဆဲ) နောက်ဆုံးအစည်းအဝေး ဖိတ်ကြားစာ၊ ရွိုင်ရယ်ဖိ (ဒ်) ကုမ္ပဏီလီမိတက် (ROYAL FEED COMPANY LIMITED) ကုမ္ပဏီတရားဝင်ဖျက်သိမ်းခြင်း၊ In the matter of the Myanmar Companies Law and MYANMAR UPTRON HOLDINGS CO.,LTD (Under Sections 345 & 348)၊ Notice EXERA JOURNEY MANAGEMENT LIMITED (In Members' Voluntary Liquidation) Pursuant of Section 208 E of the Myanmar Companies Act: Final Meeting၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ-၃၅၇ (က) အရ ကြေညာစာ Myanmar Pioneer Distillery Company Limited (ဆန္ဒအလျောက် ဖျက်သိမ်းဆဲ) နောက်ဆုံးအစည်းအဝေး ဖိတ်ကြားစာ တို့ ပါဝင်သည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။