ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၁)၊ အမှတ် (၂၄)၊ ၂၀၁၈ ခုနှစ် ဇွန်လ ၁၅ ရက်ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်၊ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (ပြည်ထောင်စု ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ အမိန့်ကြော်ငြာစာ၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (ပြည်ထောင်စ ုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ နေပြည်တော်ကောင်စီ ရုံးအမိန့်၊
အပိုင်း (၂) တွင် ပြည်သူ့လွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် ရွှေဆယ်နှင်းဆီ ကုမ္ပဏီလီမိတက် (Shwe Sal Hnin Si Company Limited) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၆ (၁) အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များ ဆန္ဒအလျောက် ဖျက်သိမ်းရန် ကြော်ငြာခြင်း၊ မြန်မာမိုး ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (Myanmar Mo Trading Company Limited) နှင့် မြန်မာမိုး အတိုင်ပင်ခံလုပ်ငန်း ဝန်ဆောင်မှု ကုမ္ပဏီလီမိတက် (Myanmar Mo Consulting Services Company Limited) တို့အား (အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခြင်း၊ မြန်မာအပြည်ပြည် ဆိုင်ရာ ဘဏ်လီမိတက် (INTERNATIONAL BANK OF MYANMAR LIMITED)၊ စင်းဒ ကုမ္ပဏီလီမိတက် (SINDA COMPANY LIMITED)၊ လိပ်ခုံးပုံနက္ခတ် စီးပွားရေးလုပ်ငန်းစု ကုမ္ပဏီလီမိတက် (ORION BUSINESS GROUP COMPANY LIMITED)၊ အလင်းရောင်သစ် သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက် (NEW LIGHT MINING COMPANY LIMITED) နှင့် မြန်မာ့အစိမ်းရောင်အိမ် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် (Myanmar Green Home Construction Co.,Ltd.) တို့၏ အစုရှင်များ၏ဆန္ဒအရ စာရင်ရှင်းလင်းဖျက်သိမ်းခြင်း၊ BATCH TECHNOLOGIES COMPANY LIMITED နှင့် AMARA INTERNATIONAL COMPANY LIMITED တို့၏ ဖျက်သိမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း၊ UPLAND CONSTRUCTION COMPANY LIMITED နောက်ဆုံး အစည်းအဝေးခေါ်ယူခြင်း၊ FS Swan Yee Htet Co., Ltd. Final Meeting - နောက်ဆုံးအစည်းအဝေးဖိတ်ကြားခြင်း၊ MYANMAR SURYA COMPANY LIMITED (In members' Voluntary Liquidation) Pursuant of Section 208 E of the Myanmar Companies Act: Final Meeting၊ IN THE MATTER OF THE MYANMAR COMPANIES ACT AND GURU CONSTRUCTIONS SERVICE COMPANY LIMITED NOTICE FOR VOLUNTARY WINDING UP FOR FINAL MEETING NOTICE၊ PIONEER ASIA MYANMAR ENGINEERING LIMITED (Desirable Liquidation in Progress) Myanmar Companies Act Section 208 (e) တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။