ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၁)၊ အမှတ် (၂၂)၊ ၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်သူ့လွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ အမျိုးသားလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် အခြေခံပညာဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်)
အပိုင်း (၄) တွင် ဖြိုးနှင့်မျိုး ကျောက်မျက်ရတနာ ကုမ္ပဏီလီမိတက် (PHYO AND MYO GEMS & JEWELLERY COMPANY LIMITED) နှင့် သီရိ၀တ္တနား မြန်မာ ကုမ္ပဏီလီမိတက် (SIRIVATANA MYANMAR COMPANY LIMITED) တို့အား အပြီးသတ်ဖျက်သိမ်းနိုင်ရန်အတွက် နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ အက် (စ်) အေ ကေ ကုမ္ပဏီလီမိတက် နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း၊ ဇီ၀ကျန်းမာရေး စောင့်ရှောက်ခြင်း ဝန်ဆောင်မှု ကုမ္ပဏီ လီမိတက် ဖျက်သိမ်းရန် ကြေညာချက်၊ Notice G7. FOOD. MYANMAR COMPANY LIMITED (In members' Voluntary Liquidation) Pursuant of Section 208 E of the Myanmar Companies Act: Final Meeting၊ ရူပါ မန္တလာ ကုမ္ပဏီလီမိတက် (Rupar Mandalar Co., Ltd.) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ ၂၀၆ (၁) အရ အစုရှယ်ယာရှင်များ၏ဆန္ဒအလျောက် ကုမ္ပဏီစာရင်းရှင်းလင်း ဖျက်သိမ်းရန် ကြေညာခြင်း၊ သံလွင်ဧရာ ကျောက်မျက် ကုမ္ပဏီလီ မိတက်၊ မြန်မာ ရောင်းဝယ်ရေး ကုမ္ပဏီ လီမိတက်၊ ဂျေအမ် အိုးရှဲန်း အဲ့ဗဲနျူး မြန်မာ ကုမ္ပဏီလီမိတက် (J M OCEAN AVENUE MYANMAR COMPANY LIMITED)၊ လမင်းတစ်ရာ သတ္တုတူးဖော် ထုတ်လုပ်ရေး ကုမ္ပဏီလီမိတက် (LAMINTAYAR MINING COMPANY LIMITED)၊ ရေ့ဒီးယဲ့ (န်လ်) ရူဘီကုမ္ပဏီ လီမိတက် (RADIANT RUBY COMPANY LIMITED) တို့အား (အစုရှင်များ ၏ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခြင်း၊ ITCREAM COMPANY LIMITED ဖျက်သိမ်းရန် ကြော်ငြာချက်၊ ရှင်နစ်တာ ကုမ္ပဏီလီမိတက် (SHIN NITTA COMPANY LIMITED) အစုရှင်များ၏ဆန္ဒအရ စာရင်း ရှင်းလင်းဖျက်သိမ်းခြင်း၊ NOTICE Under Section 208 (E) Myanmar Companies Act. SCLH LEGAL & TAX CONSULTANTS (MYANMAR) LIMITED (Members Voluntary Winding-Up) INVITATION TO FINAL MEETING၊ System Road Myanmar Company Limited (Voluntary Winding - Up) Invitation to Final Meeting တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။