ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၁)၊ အမှတ် (၂၁)၊ ၂၀၁၈ ခုနှစ် မေလ ၂၅ ရက်ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာ စာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ အမျိုးသားလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အမိန့်ကြော်ငြာစာ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အမိန့်ကြော်ငြာစာ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစောသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟို အဖွဲ့ အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာ စာ၊ သယံဇာတနှင့်သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် SUMITOMO MITSUI BANKING CORPORATION (Yangon Representative Office) (the ''Representative Office") Notice Under Section 206 (1) of Myanmar Companies Act (Voluntary Winding - Up by Member)၊ NOTICE Commencement of Winding Up of the Affairs of Puncak Niaga Holdings Berhad (Myanmar Branch)၊ KONOIKE ASIA (MYANMAR) CO., LTD. Notice of Resolution Under Section 206 (1) of The Myanmar Companies Act (Voluntary Winding Up)၊ Notice RED BULL COMPANY LIMITED နှင့် CHILLI ADVERTISING COMPANY LIMITED (In members' Voluntary Liquidation) Pursuant of Section 208 E of the Myanmar Companies Act: Final Meeting၊ သီရိမေ ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (THIRI MAY TRADING COMPANY LIMITED)၊ မြန်မာဟရှီးမားအုပ်စု အကြံပေး ကုမ္ပဏီလီမိတက် (MYANMAR HASHIMA GROUP MANAGEMENT CONSULTANCY COMPANY LIMITED)၊ ဝေမိသားစု ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် (WAI FAMILY CONSTRUCTION COMPANY LIMITED)၊ ကိုအောင်ဝင်းနှင့် မိသားစု ကုမ္ပဏီလီမိတက် (KO AUNG WIN & FAMILY COMPANY LIMITED) နှင့် မန္တလေး အက်စ်ဘီတီ ကုမ္ပဏီလီမိတက် (MANDALAY SBT COMPANY LIMITED)၊ ခေတ်သီရိ ကုမ္ပဏီလီမိတက် (KHIT THIRI COMPANY LIMITED) အား (အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံး အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ NOTICE Under Section 208 (E) Myanmar Companies Act. DRIVES & CONTROL MYANMAR COMPANY LIMITED (Members Voluntary Winding-Up) INVITATION TO FINAL MEETING၊ ချင်းကော့ (ပ်) ငွေရေးကြေးရေး ကုမ္ပဏီလီမိတက် (Chin Corp Finance Company Limited) မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေပုဒ်မ - ၂၀၆ (၁) အရ ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းကြောင်း ကြေညာခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ဆိပ်ကမ်းအင်ဂျင်နီယာ ဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီလီမိတက် ဖျက်သိမ်းရန် ကြေညာချက်၊ M K W R TRUST Co.,Ltd. မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၈ (၁) အရ ကုမ္ပဏီစာရင်းရှင်းလင်း ဖျက်သိမ်းမည် ဖြစ်ကြောင်း ကြေညာချက်၊ တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။