ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၁)၊ အမှတ် (၁၉)၊ ၂၀၁၈ ခုနှစ် မေလ ၁၁ ရက်ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောငစုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု တရားလွှတ်တော် ကြေညာချက်၊ အမျိုးသားလွှတ်တော်ကြေညာချက်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အမိန့်ကြော်ငြာစာ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အမိန့်ကြော်ငြာစာ၊ ဒုတိယအကြိမ်မန္တလေးတိုင်းဒေသကြီး လွှတ်တော် အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊
အပိုင်း (၄) တွင် စွမ်းအားမြှင့်ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (High Energy Trading Co., Ltd.) (ကုမ္ပဏီမှတ်ပုံတင်အမှတ် ၁၄၆၂/၂၀၀၅-၂၀၀၆) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ ပုဒ်မ ၂၀၆ (၁) အရ အစုရှင်များ၏ ဆန္ဒအလျောက် ဖျက်သိမ်းရန်အထူးဆုံးဖြတ်ချက် ကြော်ငြာခြင်းနှင့် ကြွေးမြီ တောင်းခံရန်ကြော်ငြာ၊ AWE COMPANY LIMITED ဖျက်သိမ်းရန် ကြော်ငြာချက်၊ BRIGHTERLITE MYANMAR COMPANY LIMITED Myanmar Companies Act 206(1) (Voluntary Liquidation)၊ အိုင်အမ် အင်တီးရီးယား (မြန်မာ) ကုမ္ပဏီလီမိတက် [Im Interior (Myanmar) Company Limited] နှင့် ဖြိုးကြွယ် အပြည်ပြည်ဆိုင်ရာ ထုတ်လုပ်မှု ကုမ္ပဏီလီမိတက် (Ever Rich International Production Company Limited) တို့၏ အစုရှင်များ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၈ (င) အရ ကြော်ငြာစာ ရေးဒီယင့်မာရီတိုင်း လီမိတက် (အစုရှယ်ယာရှင်များ၏ဆန္ဒအရ ဖျက်သိမ်းဆဲ) နောက်ဆုံးအစည်းအဝေးဖိတ်ကြားခြင်း၊ MEGA FORCE COMPANY LIMITED နှင့် PRIME RESOURCES CO.,LTD. တို့၏ ကြေညာချက်၊ ပိုင်အိုးနီးယားအော်တိုထရေးဒင်းကုမ္ပဏီလီမိတက် (PIONEER AUTO TRADING COMPANY LIMITED) မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ ၂၀၆(၁) အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များဆန္ဒအလျောက် ဖျက်သိမ်းရန်ကြော်ငြာခြင်း၊ စင်္ကြာတံခွန် ကုမ္ပဏီလီမိတက် (COMET GALAXY COMPANY LIMITED) အပြီးသတ် ဖျက်သိမ်းနိုင်ရန်အတွက် နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ PADAUK - J P K GROUP COMPANY LIMITED၊ BANNER WOOD BASE INDUSTRY COMPANY LIMITED၊ MULBERRY COMPANY LIMITED နှင့် တစ်ခုတည်းသော ကမ္ဘာစနစ် ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (ONE GLOBAL SYSTEM TRADING CO.,LTD.) တို့၏ ဖျက်သိမ်းရန်ကြေညာချက်၊ ZENITH AUTO COMPANY LIMITED နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်းတို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။