ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၁)၊ အမှတ် (၁၇)၊ ၂၀၁၈ ခုနှစ် ဧပြီလ ၂၇ ရက်ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံ တော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်သူ့လွှတ်တော် အမိန့်ကြော်ငြာစာ၊ အမျိုးသားလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်းမြောင်းဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ အခွန်အယူခံခုံအဖွဲ့ရုံး ရုံးတွင်းအမိန့်၊
အပိုင်း (၄) တွင် NOTICE UNDER SECTION 206 (1) OF THE MYANMAR COMPANIES ACT STEP OILTOOLS (MYANMAR) LIMITED၊ NOTICE Under Section 206 (1) Myanmar Companies Act. T M WINDMILL CO., LTD. (Members Voluntary Winding - Up)၊ မြန်မာဖု(ဒ်) ဆီးစနင်း ကုမ္ပဏီ လီမိတက် (MYANMAR FOOD SEASONING COMPANY LIMITED)၊ ကေ-စီ-ပီ ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (K-C-P TRADING COMPANY LIMITED)၊ ချိုအီ စတူဒီယိုနှင့် ဂလာရီ (မြန်မာ) ကုမ္ပဏီလီမိတက် [CHOEY STUDIO & GALLERY (MYANMAR) COMPANY LIMITED]၊ ထာ၀ရ စစ်မှန် ဂုဏ်ရောင် ကုမ္ပဏီလီမိတက် (EVER REAL GLORY COMPANY LIMITED) နှင့် မြန်မာအမ် (မ်) ပီသရီးမြူးဇစ် ကုမ္ပဏီလီမိတက် (MYANMAR MP3 MUSIC COMPANY LIMITED) တို့အား (အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ အမ် ကေ အက်စ် ကုမ္ပဏီလီမိတက် (MKS COMPANY LIMITED) နှင့် ခရီးသွားဇုန် ခရီးသွားလုပ်ငန်း ကုမ္ပဏီလီမိတက် (TRAVEL ZONE TRAVELS & TOURS CO., LTD.) တို့ အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ Apple King Company Limited ဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍ နောက်ဆုံးအစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခြင်း၊ RIL Exploration and Production (Myanmar) Company Limited (Voluntary Winding-up)၊ ဂျေ.ဒီ.အာ ကုမ္ပဏီလီမိတက် (J. D. R COMPANY LIMITED) (အစုရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းဆဲ) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၈(င) အရ နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း၊ In the Matter of the Myanmar Companies Act MYANMAR SURYA COMPANY LIMITED (In Members Voluntary Winding-up) Notice of Special Resolutions pursuant to section 206 (1)၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ-၂၀၈(င) အရ ကြေညာစာ အိုပီပီအို သိပ္ပံနည်းပညာ ကုမ္ပဏီလီမိတက် (OPPO Science & Technology Company Limited) (ဆန္ဒအလျောက် ဖျက်သိမ်းဆဲ) နောက်ဆုံးအစည်းအဝေးဖိတ်ကြားစာ၊ Notice RTW SHIPPING LIMITED (In members' Voluntary Liquidation) Pursuant of Section 208 E of the Myanmar Companies Act: Final Meeting တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။