ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၁)၊ အမှတ် (၁၆)၊ ၂၀၁၈ ခုနှစ် ဧပြီလ ၂၀ ရက်ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်သူ့လွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်၊ ပြည်ထဲရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမိန့်ကြော်ငြာစာ၊ သစ်တောဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် ဆပ်(က်)ဆက်(စ်) တိုင်(မ်) အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် (SUCCESS TIME INTERNATIONAL COMPANY LIMITED) အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ လမ်းပြကြယ် ထရေးဒင်း ကုမ္ပဏီလီမိတက် (STAR RESOURCES TRADING COMPANY LIMITED)၊ လွိုင်းယဲ(လ်) ဆိုဆိုက်ယဲ့(လ်သ်) ဆားဗစ်ဆက်(စ်) အင်ဖော်မေးရှဲန်(န်) ကုမ္ပဏီလီမိတက် (LOYAL SOCIETY HEALTH SERVICES INFORMATION COMPANY LIMITED)၊ အိုင် စီ အယ်လ် ဒစ်(စ်) ထရီဗြူးရှဲ(န်) ကုမ္ပဏီလီမိတက် (I C L DISTRIBUTION COMPANY LIMITED)၊ အကောင်းဆုံး ဓာတ်သတ္တု ထုတ်လုပ်မှုလုပ်ငန်း ကုမ္ပဏီလီမိတက် (EXCELLENCE MINERAL MANUFACTURING COMPANY LIMITED) နှင့် မြန်မာ့ရတနာနဒီ ကုမ္ပဏီလီမိတက် (Myanma Yadanar Nadi Co., Ltd.) တို့အား (အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံး အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ မြန်မာအေကရက်ထရန်စ်ဖော်မာ ကုမ္ပဏီလီမိတက် ၏ ဖျက်သိမ်းရန် ကြေညာချက်၊ မြန်မာနိုင်ငံကုမ္ပဏီ များ အက်ဥပဒေပုဒ်မ ၂၀၆(၁)အရ မြန်မာ့ညနေခင်း ခရီးသွား ကုမ္ပဏီလီမိတက်ကို ဆန္ဒအလျောက် ဖျက်သိမ်းရန် ကြေညာချက်၊ မြန်မာလပ်ဇူးရီးယပ်စ်ထရဲန်စ်ပေါ့တေးရှဲန် ဆားဗစ်စစ် ကုမ္ပဏီ လီမိတက် (Myanmar Luxurious Transportation Services Co., Ltd.)၊ ပြည့်စုံထွန်းတောက် ကျောက်မျက် ကုမ္ပဏီလီမိတက် (PYAE SONE TUN TAUK GEMS COMPANY LIMITED) နှင့် မက်ထရို မိရိုင် ကုမ္ပဏီလီမိတက် (METRO MIRAI COMPANY LIMITED) တို့အား အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ MYANMAR ZHONGXING PLASTIC MANUFACTURE CO., LTD.၊ TRAVELLER'S KIT COMPANY LIMITED နှင့် SEMI COMPANY LIMITED တို့၏ ဖျက်သိမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံး အစည်းအဝေးခေါ်ယူခြင်း၊ Holloman Pacific Asia Limited (Voluntary Winding-Up) တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။