ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၁)၊ အမှတ် (၁၄)၊ ၂၀၁၈ ခုနှစ် ဧပြီလ ၆ ရက်ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်သူ့လွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြောငြာစာ၊ သယံဇာတနှင့်သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စက်မှုဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပညာရေး ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ အသေးစား ငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမိန့်အမှတ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အမိန့်ကြော်ငြာစာ၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် စစ်ရာထူးခန့်ချုပ်ရုံး (ကြည်းတပ်ဌာနစု)၊ ဆည်းမြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရုံးချုပ်)၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်
အပိုင်း (၄) တွင် HERZFELD RUBIN MEYER & ROSE LAW FIRM LIMITED (In Members Voluntary Winding-up) Notice of Special Resolutions pursuant to section 206(1)၊ NOTICE Under Section 206 (1) Myanmar Companies Act. T M WINDMILL CO.,LTD. (Members Voluntary Winding-Up)၊ ကုမ္ပဏီဖျက်သိမ်းကြောင်း ကြေည်ငြာ အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် ဖျက်သိမ်းခြင်းI CHEM SERVICES CO.,LTD.၊ ဟူးပိုး သတ္တုတူးဖော် ရေး ကုမ္ပဏီလီမိတက် ဖျက်သိမ်းရန် ကြေညာချက်၊ ဒဗလျူ အဲ(မ်) ကေ ကုမ္ပဏီလီမိတက် (W M K COMPANY LIMITED) အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ဆယ်လီမရင်း(န်) ကုမ္ပဏီလီမိတက် ဖျက်သိမ်းရန် ကြေညာချက်၊ မြန်မာသီဟ ဝန်ဆောင်မှုလုပ်ငန်းများ ကုမ္ပဏီလီမိတက် (MYANMAR THIHA SERVICES COMPANY LIMITED) အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ မြို့ပြနှင့် သဘာ၀ ဝန်ဆောင်မှု ကုမ္ပဏီလီမိတက် (CITY & NATURE SERVICES COMPANY LIMITED) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ အပြီးသတ် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ဟံသာသီရိ ကုမ္ပဏီလီမိတက် (HAN THAR THIRI COMPANY LIMITED)၊ မြန်မာသီဟ သတ္တု ကုမ္ပဏီလီမိတက် (MYANMAR THIHA METAL COMPANY LIMITED) နှင့် မြန်မာသီဟ ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (MYANMAR THIHA TRADING COMPANY LIMITED) တို့၏ အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ ကုမ္ပဏီဖျက်သိမ်းကြောင်းကြော်ငြာ အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် ဖျက်သိမ်းခြင်း DAWNA SHWE WAR CO.,LTD.၊ DEVELOPMENT STEPS LTD. နှင့် RITZLAND GROUP CO.,LTD.၊ ဧရာ၀တီ ရေလုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေး လီမိတက် (AYEYAWADY MARINE DEVELOPMENT LIMITED) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ အပြီးသတ် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။