ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၁)၊ အမှတ် (၁၃)၊ ၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်သူ့လွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်၊
အပိုင်း (၂) တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီ အမိန့်ကြော်ငြာစာ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စက်မှုဝန်ကြီးဌာန အမိန့် ကြော်ငြာစာ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်အဖွဲ့ အမိန့်ကြော်ငြာ စာ၊
အပိုင်း (၄) တွင် In the matter of the Myanmar Companies Act G 7. FOOD . MYANMAR COMPANY LIMITED (In Members Voluntary Winding-up) Notice of Special Resolutions pursuant to section 206(1)၊ Golden Lyra Company Limited၊ IN THE MATTER OF THE MYANMAR COMPANIES ACT AND HIGH ART COMPANY LIMITED NOTICE FOR VOLUNTARY WINDING UP FOR FINAL MEETING NOTICE၊ ZENITH TEL COMPANY LIMITED ၏ အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် ဖျက်သိမ်းရန်ကြေညာချက်၊ PYAE WA SEINN AUNG COMPANY LIMITED၊ LONG YI GEMS COMPANY LIMITED၊ YADANAR SHWE PIN HEIN COMPANY LIMITED နှင့် METAL RANGE MINING COMPANY LIMITED တို့၏ ဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍ နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း၊ မြန်မာငွေကြယ် အပြည်ပြည်ဆိုင်ရာ ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်၊ မြန်မာငွေကြယ် ရင်းနှီးမြှုပ်နှံမှုအုပ်စု ကုမ္ပဏီလီမိတက်၊ ရှေ့သို့ရေနံ အင်ဂျင်နီယာ လုပ်ငန်း ကုမ္ပဏီလီမိတက်၊ မြန်မာ-ရန်ကုန် ရင်းနှီးမြှုပ်နှံမှု အုပ်စု ကုမ္ပဏီလီမိတက်နှင့် မြန်မာငွေစင်ကြယ်သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်တို့၏ နောက်ဆုံးအစည်းအဝေး ခေါ်ယူခြင်း၊ In the matter of the Myanmar Companies Act and Myanmar Foster Electric Co.,Ltd. [Under Sections 203 & 206 (1)]၊ SKRK Legal Services Company Limited စာရင်းရှင်းလင်းဖျက်သိမ်းရန်ကြေညာချက်တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။