ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၁)၊ အမှတ် (၁၂)၊ ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့် ကြော်ငြာစာ၊ ပြည်သူ့လွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့် ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ အမိန့်ကြော်ငြာစာ၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ အမိန့် ကြော်ငြာစာ၊
အပိုင်း (၂) တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမိန့်ကြော်ငြာစာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် MYANMAR ITD COMPANY LIMITED (In Members Voluntary Winding-up) Notice of Special Resolutions pursuant to section 206(1)၊ အက် (စ်) အေ ကေ ကုမ္ပဏီလီမိတက် (S A K Company Limited) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၆(၁) အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များ ဆန္ဒအလျောက် ဖျက်သိမ်းရန်ကြော်ငြာခြင်း၊ မန္တလေး အောင်မြင် ကုမ္ပဏီလီမိတက် (MANDALAY SUCCESS COMPANY LIMITED) အား အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ (MANDALAY SUCCESS COMPANY LIMITED) နှင့် M K W R Trust Co.,Ltd.တို့၏ ကုမ္ပဏီ စာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာချက်၊ MACA DAMIA CLUSTER INDUSTRY AND MANUFACTURING COMPANY LIMITED နှင့် DAIHO PROJECTS MYANMAR LIMITED တို့ကို ဖျက်သိမ်းရန် ကြေညာချက်၊ Myanmar Eletec Elevators Private Limited အစုရှင်များ၏ ဆန္ဒအရ နောက်ဆုံးအပြီးသတ် အစည်းအဝေးဖိတ်ကြားခြင်း၊ ရွှေမြန်မာ ထောက်ပံ့ပို့ဆောင်ရေး အခြေစိုက်စခန်း ကုမ္ပဏီလီမိတက် (SHWE MYANMAR SUPPLY BASE COMPANY LIMITED) မြန်မာနိုင်ငံ ကုမ္ပဏီ များ အက်ဥပဒေအရ အပြီးသတ် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ တိမ်ပြာမိုးယံ ကျောက်မျက် ကုမ္ပဏီလီမိတက် (TEIN PYAR MOE YAN GEMS CO.,LTD.)၊ အမ်ကေ မာလ်တီ ကုမ္ပဏီလီမိတက် (MK MULTI CO.,LTD.)၊ ထက်မိုးဝေ ကုမ္ပဏီလီမိတက် (HTET MOE WAI CO.,LTD.) နှင့် အင်အားသစ် ကျောက်မျက် ကုမ္ပဏီလီမိတက် (INN ARR THIT GEMS CO.,LTD.) တို့အား (အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ ရေ့ဒီးယဲ့ (န်ထ်) ရူဘီ ကုမ္ပဏီ လီမိတက် (RADIANT RUBY COMPANY LIMITED) အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ PAING ETG COMPANY LIMITED (Desirable Liquidation in Progess) Myanmar Companies Act Section 208 (e) တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။