ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၁)၊ အမှတ် (၁၀)၊ ၂၀၁၈ ခုနှစ် မတ်လ ၉ ရက်ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံ တော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်သူ့လွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်၊ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့် ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန (ပြည်ထောင်စု ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာ စာ၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့ အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ နေပြည်တော် စည်ပင်သာယာ ရေးကော်မတီ အမိန့်ကြော်ငြာစာ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် Notice Under Section 206 (1) Myanmar Companies Act MYANMAR LAND SUN INTERNATIONAL TRAVEL CO.,LTD. နှင့် SCLH LEGAL & TAX CONSULTANTS (MYANMAR) LTD. (Members Voluntary Winding-Up)၊ UNITED TYRE GROUP CO., LTD.၊ MYAT SABAI KHAING CO., LTD.၊ THA BAR WA SHWE SAN EAI MANUFACTURING CO., LTD.၊ ROYAL ADVENTURE GROUP CO., LTD.၊ JADELAND CONSTRUCTION CO., LTD.၊ SHWE HLET MANUFACTURING CO., LTD. တို့၏ (အစုရှင်များဆန္ဒအရ ဖျက်သိမ်းဆဲ) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၈ (င) အရ အပြီးသတ်နောက်ဆုံး အစည်းအဝေးဖိတ်ကြားခြင်း၊ TERREX SEISMIC MYANMAR COMPANY LIMITED (In members' Voluntary Liquidation) Pursuant of Section 208 E of the Myanmar Companies Act: Final Meeting၊ ပန်းသီးပင် သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက် (APPLE TREE MINING COMPANY LIMITED) အား (အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ အိုဟူ အမ်အမ်အာ ကွန်မြူနီကေးရှင်း ကုမ္ပဏီလီမိတက် (OHOO MMR COMMUNICATION COMPANY LIMITED) အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် ဖျက်သိမ်းခြင်း ကုမ္ပဏီ ဖျက်သိမ်းကြောင်းကြေညာချက်၊ မန္တလေးရတနာများရှင် ကုမ္ပဏီလီမိတက် (MANDALAY YADANAR MYAR SHIN COMPANY LIMITED) အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၈(င)အရ ကြော်ငြာစာ မြန်မာစီးပွားရေးချိတ်ဆက် ဝန်ဆောင်မှုလီမိတက် (MYANMAR BUSINESS LINK SERVICES LIMITED) အား အပြီးသတ်ဖျက်သိမ်းနိုင်ရန်အတွက် နောက်ဆုံး အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခြင်း၊ Notice Under Section 208 (E) (2) of the Myanmar Companies Act 1914 ASIAN BLUE AVIATION CO.,LTD. (Under Members Voluntary Winding-Up) Invitation to Final General Meeting၊ YE THANLWIN TRADING COMPANY LIMITED အစုရှယ်ယာရှင်များ ဆန္ဒအလျောက် ဖျက်သိမ်းခြင်း မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၈ (င) အရ အပြီးသတ်နောက်ဆုံး အစည်းအဝေးဖိတ်ကြားခြင်းတို့ ပါဝင်ပါ သည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။