၂၀၁၇ ခုနှစ်၊ မတ်လအတွက် စာပေရေချမ်းစင်စာစဉ် (အတွဲ- ၅၊ အမှတ်- ၃) ကို ထုတ်ဝေဖြန့်ချိပြီး ဖြစ်သည်။ လစဉ် ထုတ်ဝေဖြန့်ချိလျက်ရှိသည့် စာပေရေချမ်းစင်စာစဉ် များကို စိတ်ဝင်တစား စောင့်မျှော်ဖတ်ရှုလျက်ရှိသည့် စာချစ်သူ ပြည်သူတို့ ကဏ္ဍမျိုးစုံ ဖတ်ရှုနိုင်ရန်အတွက် ကောင်းနိုး ရာရာ ကဗျာ၊ ကာတွန်း၊ ဆောင်းပါး စသည့်ကဏ္ဍများဖြင့် စာစဉ်များတွင် ဝေဝေဆာဆာ ဖော်ပြထားသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ သိပ္ပံနှင့်နည်းပညာ၊ စိုက်ပျိုး မွေးမြူရေး၊ ယဉ်ကျေးမှုနှင့် အနုပညာ၊ အတ္ထုပ္ပတ္တိ၊ ပြည်သူ့နီတိ၊ ကလေးစာပေဟူ၍ အကြောင်းရပ် ၁၃ မျိုးပါဝင်သဖြင့် ကြိုက်နှစ်သက်ရာ စာစဉ်များကို တစ်နေရာတည်း၊ တစ်ချိန်တည်းတွင် အဆင်ပြေစွာ ဖတ်ရှုနိုင်ပြီဖြစ်ပါသည်။
PPD Web Site တွင် ဝင်ရောက်ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်များအတွက်လည်း www.moi.gov.mm/ppd website online တွင် ဖတ်ရှုနိုင်ပြီ ဖြစ်ပါသည်။
ထွက်ရှိပြီးသော စာပေရေချမ်းစင်စာစဉ်များကို စောင့်မျှော်ဖတ်ရှုကြသည့် မိဘပြည်သူများထံ အရောက်ပို့ဆောင်ပေးပြီး ဖြစ်ပါသည်။ စာပေရေချမ်းစင် စာစဉ်များကို စိတ်ဝင်တစား ဖတ်ရှု အားပေးကြသည့် မိဘပြည်သူများအား စာပေရေချမ်းစင်စာစဉ် စီစဉ်သူ စာပေဗိမာန် အယ်ဒီတာ အဖွဲ့က ကျေးဇူးအထူး တင်ပါသည်။