၁၀။ အသင်းဖွဲ့စည်းပြီးနောက် (၅) နှစ်အတွင်း ဆောင်ရွက်လုပ်ကိုင်ခဲ့သော လုပ်ငန်းအ၀၀ကို အုပ်ချုပ်မှုကောင်စီက ပြန်လည် စစ်ဆေးသုံးသပ်ပြီး အုပ်ချုပ်စီမံခန့်ခွဲပုံကို ပြုပြင်ပြောင်းလဲခဲ့ပါသည်။ ကြီးကျယ်များပြားသော လုပ်ငန်းစဉ်များကို ထမြောက်အောင်မြင်အောင် ဆောင်ရွက်သွားရန် အကျိူးဆောင် အတွင်းရေးမှူးအင်အားဖြင့် မလုံလောက်သောကြောင့် အမြဲတမ်းအုပ်ချုပ်မှု အတွင်းရေးမှူးခန့်အပ်ဆောင်ရွက်ရန် အုပ်ချုပ်မှုကောင်စီက ဆုံးဖြတ်ခဲ့ပါသည်။ ထို့ကြောင့် ၁၉၅၂ ခု သြဂုတ်လ ၁ ရက်တွင် စာတည်းမှူး ဦးစံထွားကို အမြဲတမ်း အုပ်ချုပ်မှု အတွင်းရေးမှူးအဖြစ် ခန့်အပ်ခဲ့ပါသည်။