၂၇။ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီ တာဝန်ယူပြီးနောက် ၁၉၆၃ ခုနှစ်တွင် စာပေဗိမာန်ကို ပြည်သူပိုင်သိမ်းသောအခါ စာပေဗိမာန်အုပ်ချုပ်ရေးမှူးအဖွဲ့ ဥပဒေကို ပြဌာန်း၍ ဒုတိယဗိုလ်မှူးကြီး တင်ထွန်း၊ ဗိုလ်မှူး ကိုလေး၊ ဦးထင်ကြီးတို့ ပါဝင်သော စာပေဗိမာန်အုပ်ချူပ်အဖွဲ့က စာပေဗိမာန်၏ အုပ်ချုပ်ရေး ကိစ္စအ၀၀ကို တာဝန်ယူခဲ့ပါသည်။ စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့ ဥပဒေအရ ပြန်ကြားရေး ဝန်ကြီးဌာန၊ ဝန်ကြီးသည် အဖွဲ့၏ဥက္ကဌ ဖြစ်ပြီး စာပေဗိမာန် အုပ်ချုပ်ရေးမှူးက အဖွဲ့၏ အတွင်းရေးမှူးဖြစ်ပါသည်။
၂၈။ စာပေဗိမာန် အုပ်ချုပ်ရေးမှူးရာထူးများကို ဒုတိယအထွေထွေမန်နေဂျာ၊ ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး(စာပေ)စသည်ဖြင့် ပြောင်းလဲခေါ်ဝေါ်ပြီး ယခုအခါ စာတည်းမှူးချုပ်ဟု ခေါ်ဝေါ်ပါသည်။
၂၉။ ၁၉၇၂ ခုနှစ်တွင် စနစ်သစ်အုပ်ချုပ်ရေး စတင်သောအခါ စာပေဗိမာန်သည် ဗဟိုပုံနှိပ်တိုက်နှင့် ပူးပေါင်းကာ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း ကော်ပိုရေးရှင်းဟူ၍ ဖြစ်လာပါသည်။နောင်တွင် လုပ်ငန်းမပါရှိတော့ဘဲ ပုံနှိပ်ရေးနှင့် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးကော်ပိုရေးရှင်းဟု ခေါ်ဝေါ်ခဲ့ပါသည်။ နိုင်ငံတော်ငြိမ်းဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး စာပေဗိမာန်သည် ယင်းလုပ်ငန်း၏ ဌာနခွဲတစ်ခုအဖြစ် ရပ်တည်ဆောင်ရွက်လျက်ရှိပါသည်။