၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၇-၁၁-၂၀၁၉ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ Sule Shangri-La Hotel ၌ ကျင်းပသည်။
နိုင်ငံတော်သမ္မတကြီးအား စာပေဗိမာန်၏ လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ၂၇-၁၁-၂၀၁၉ ရက် မွန်းလွဲ ၁ : ၀၀ နာရီက ကျောက်တံတားမြို့နယ် ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်ရှိ စာပေဗိမာန်အဆောက်အအုံဒုတိယထပ်ရှိ ခန်းမ၌ ကျင်းပသည်။
စာပေစကားဝိုင်း ပထမပိုင်းတွင် ၂၀၁၈ ခုနှစ် အမျိုးသားစာပေဆု ရရှိသူ ၁၀ ဦးအနက်မှ လေးဦးက စာပေရေးရာများကို ဝိုင်းဖွဲ့ဆွေးနွေးကြသည်။ ၂၀၁၈ ခုနှစ် အမျိုးသားစာပေဆု ရရှိခဲ့သော ၎င်းတို့၏စာအုပ်များနှင့် ပတ်သက်သည့် မည်သို့ရေးဖွဲ့ခဲ့ပုံ၊ မည်သို့ကြိုးစားခဲ့ပုံများကို ပြောဆိုဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် စာပေဗိမာန်စာမူဆု ဘာသာရပ်အဖွဲ့ငယ်ခေါင်းဆောင်များက ဘာသာရပ်အလိုက် စာမူများ စိစစ်ရွေးချယ်ထားမှု အခြေအနေကို ရှင်းလင်းတင်ပြကြပါသည်။
၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုချီးမြှင့်ပွဲ အခမ်းအနားကို (၄-၁၂-၂၀၂၁) ရက်၊ စာဆိုတော်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာ၌ ကျင်းပပြုလုပ်ရာ
၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု များ ရွေးချယ်ပေးခဲ့ကြသည့် ပညာရှင်များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ၇-၁၂-၂၀၂၁ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။